0%

MENU

တက်စ်မေးနီးယား၏ အသန့်ရှင်းဆုံးနယ်မြေကို ကြည့်ရှုလိုက်ပါ
ကျွန်မနဲ့ကျွန်မသူငယ်ချင်းတွေက သြစတြေးလျနိုင်ငံတောင်ပိုင်း
ကမ်းရိုးတမ်းမှာရှိပြီး ကြီးမားသော ကျွန်းတစ်ကျွန်းဖြစ်တဲ့ တက်စ်မေးနီးယား
မှာနေထိုင်ပါတယ်။ ကျွန်မက ကြွားဝါပြီး ပြောရတာကို မကြိုက်ပေမဲ့
ကျွန်မအိမ်ဟာ ကမ္ဘာပေါ်မှာ အသန့်ရှင်းဆုံးပတ်ဝန်းကျင် ရှိတဲ့နေရာတစ်ခု
ထဲမှာပါဝင်ပါတယ်။
ကျွန်မပြောတာ မယုံဘူးဆိုရင် အောက်ကိုသာ ဆက်ပြီးဆင်းကြည့်လိုက်ပါ။
 
ကျွန်မနဲ့ကျွန်မသူငယ်ချင်းတွေက သြစတြေးလျနိုင်ငံတောင်ပိုင်း
ကမ်းရိုးတမ်းမှာရှိပြီး ကြီးမားသော ကျွန်းတစ်ကျွန်းဖြစ်တဲ့
တက်စ်မေးနီးယား
မှာနေထိုင်ပါတယ်။ ကျွန်မက ကြွားဝါပြီး ပြောရတာကို မကြိုက်ပေမဲ့
ကျွန်မအိမ်ဟာ ကမ္ဘာပေါ်မှာ အသန့်ရှင်းဆုံးပတ်ဝန်းကျင်
ရှိတဲ့နေရာတစ်ခု ထဲမှာပါဝင်ပါတယ်။
ကျွန်မပြောတာ မယုံဘူးဆိုရင် အောက်ကိုသာ
ဆက်ပြီးဆင်းကြည့်လိုက်ပါ။
 
အသန့်ရှင်းဆုံး တည်နေရာ

ကျွန်မအိမ်ဟာ တက်စ်မေးနီးယားကျွန်းရဲ့မြောက်ပိုင်းအကျဆုံးနေရာမှာ
တည်ရှိပါတယ်။ သြစတြေးလျပြည်မကြီးကနေဆိုရင် ကီလိုမီတာ ၂၄၀
လောက်မှာပေါ့။ ဒီမှာဆိုရင် လေထုက အရမ်းသန့်ရှင်းလတ်ဆတ်လို့
တစ်ယောက်ယောက်က လေထုညစ်ညမ်းခြင်းအကြောင်းပြောလာတဲ့အခါ
အဲ့ဒါကဘာလဲဆိုတာတောင် ကျွန်မကိုယ်ကျွန်မ ပြန်မေးယူရပါတယ်။
ကျွန်မတို့ကတော့ ဒီနေရာမှာ လေထုညစ်ညမ်းခြင်းအကြောင်းကို စိုးရိမ်
ပူပန်စရာမလိုပါဘူး။

အကောင်းဆုံး ရာသီဥတု

ရာသီဥတုလား? ဆွေးနွေးစရာသိပ်မရှိပါဘူး။
တက်စ်မေးနီးယားမှာ ရာသီဥတုက တစ်နှစ်ပတ်လုံး တော်တော်လေး
အဆင်ပြေမျှတလို့ကျွန်မနဲ့ကျွန်မသူငယ်ချင်းတွေက ပြင်းထန်တဲ့
ရာသီဥတုအပြောင်းအလဲကို တောင့်ခံစရာမလိုပါဘူး။
ရာသီဥတုလား? ဆွေးနွေးစရာသိပ်မရှိပါဘူး။
တက်စ်မေးနီးယားမှာ ရာသီဥတုက တစ်နှစ်ပတ်လုံး တော်တော်လေး
အဆင်ပြေမျှတလို့ကျွန်မနဲ့ကျွန်မသူငယ်ချင်းတွေက ပြင်းထန်တဲ့
ရာသီဥတုအပြောင်းအလဲကို တောင့်ခံစရာမလိုပါဘူး။

အလွန်သန့်ရှင်းသည့် ရေ

ရေကလည်း လေလိုမျိုးပဲ သန့်ရှင်းပါတယ်။
ရေကတောင်ထိပ်အမြင့်နေရာကနေ ကျွန်မတို့နေထိုင်တဲ့
လွင်ပြင်ဒေသဆီကို စီးဆင်းပါတယ်။ ဒါကြောင့် ရေရဲ့
သန့်ရှင်းလတ်ဆတ်မှုကိုတော့ လုံးဝစိတ်ချလိုက်ပါ။

ရေကလည်း လေလိုမျိုးပဲ သန့်ရှင်းပါတယ်။
ရေကတောင်ထိပ်အမြင့်နေရာကနေ ကျွန်မတို့နေထိုင်တဲ့
လွင်ပြင်ဒေသဆီကို စီးဆင်းပါတယ်။ ဒါကြောင့် ရေရဲ့
သန့်ရှင်းလတ်ဆတ်မှုကိုတော့ လုံးဝစိတ်ချလိုက်ပါ။

အဆင့်မြင့်ဆုံး သတ္တုဓာတ်များ

တက်စ်မေးနီးယားမှာ မြေဆီလွှာပေါကြွယ်ဝပါတယ်။ မြေသြဇာကောင်းပြီး
pHတန်ဖိုးတွေသင့်လျှော်စွာပါဝင်ပါတယ်။ ဒါကြောင့် ကျွန်မတို့လိုနွားတွေ
ကြီးထွားဖွံ့ဖြိုးပြီး အရည်အသွေးမြင့်မားတဲ့ နို့တွေထုတ်ပေးနိုင်ဖို့အတွက်
ကျွန်မတို့စားတဲ့မြက်တွေမှာ အာဟာရဓာတ်တွေများစွာပါဝင်ပါတယ်။
ဆိုလိုတာကတော့ ကျွန်မတို့ဆီက ထွက်တဲ့နွားနို့ရဲ့ရနံ့နဲ့အရသာမှာ ပြဿနာ
တစ်စုံတစ်ရာ ဘယ်တော့မှမရှိပါဘူး။ အမြဲတမ်းသန့်ရှင်းလတ်ဆတ်ပါတယ်။
 
တက်စ်မေးနီးယားမှာ မြေဆီလွှာပေါကြွယ်ဝပါတယ်။ြေ
မသြဇာကောင်းပြီး
pHတန်ဖိုးတွေသင့်လျှော်စွာပါဝင်ပါတယ်။ ဒါကြောင့်
ကျွန်မတို့လိုနွားတွေ
ကြီးထွားဖွံ့ဖြိုးပြီး အရည်အသွေးမြင့်မားတဲ့ နို့တွေထုတ်ပေးနိုင်ဖို့အတွက်
ကျွန်မတို့စားတဲ့မြက်တွေမှာ အာဟာရဓာတ်တွေများစွာပါဝင်ပါတယ်။
ဆိုလိုတာကတော့ ကျွန်မတို့ဆီက ထွက်တဲ့နွားနို့ရဲ့ရနံ့နဲ့အရသာမှာ
ပြဿနာ
တစ်စုံတစ်ရာ ဘယ်တော့မှမရှိပါဘူး။ အမြဲတမ်းသန်
့ရှင်းလတ်ဆတ်ပါတယ်။